ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍတွင် ကုန်ကြမ်းအနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏ ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်နှင့်ဆန်ကွဲ၊ ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်လျက်ရှိပါသည်။
ပဲခူးကုန်စည်ဒိုင်အနေဖြင့် ဆန်မျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာ (၇.၂.၂၀၂၅)ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ်အိတ် ၈၅၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၆၅၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၁၁၅၀၀ဝကျပ်၊ ဆန်ကွဲ B(1,2) တစ်အိတ် ၄၇၀၀ဝ ကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ် ၄၂၀၀ဝကျပ် နှင့် ဖွဲနုတစ်အိတ် ၁၉၈၀၀ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ (၁၄.၂.၂၀၂၅)ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ်အိတ် ၈၀၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၇၀၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း) တစ်အိတ် ၁၃၀၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်)တစ်အိတ် ၁၁၀၀၀၀ကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၅၀၀၀ဝ ကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ် ၄၃၀၀ဝကျပ် နှင့် ဖွဲနုတစ်အိတ် ၂၁၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
ယခုတစ်ပတ် ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ်၅၀၀၀ ကျပ်ဈေးကျ၍ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၅၀၀၀ကျပ်၊ ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၁၅၀၀၀ကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၃၀၀၀ကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ် ၁၀၀၀ကျပ် ဖွဲနုတစ်အိတ် ၁၂၀၀ကျပ် ဈေးတက်လျက်ရှိပါသည်။ ဧည့်မထဆန်(မနောသုခ)(ဟောင်း) ဈေးကျသွားခြင်းမှာ ကုန်ကြမ်း များပြားလျက်ရှိပြီး ဝယ်လိုအားနည်းခြင်းကြောင့် ဈေးကျဆင်းသွားခြင်းဖြစ်ပြီး ဧည့်မထဆန် (မနောသုခ)(သစ်)၊ ပေါ်ဆန်းမွှေးဆန်၊ ဆန်ကွဲနှင့် ဖွဲနုဈေးများ မြင့်တက်သွားခြင်းမှာ အဝယ်လိုက် လာခြင်းတို့ကြောင့်ဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်ဥက္ကဋ္ဌထံမှ သိရှိရပါသည်။
ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့